Premium Calculator
Urgent Notice to Our Customer

ချစ်ခင်လေးစားရပါသောလူကြီးမင်းများ သိသာပါရန်


၁။ ဧရာမြန်မာအာမခံကုမ္ပဏီလီမိတက် (AYA Myanmar Insurance Co Ltd) သည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဧရာမြန်မာအထွေထွေအာမခံကုမ္ပဏီလီမိတက် (AYA Myanmar General Insurance Co Ltd) နှင့် ဧရာမြန်မာအသက်အာမခံကုမ္ပဏီလီမိတက် (AYA Myanmar Life Assurance Co Ltd) အမည်များဖြင့် အထွေထွေအာမခံနှင့် အသက်အာမခံ သီးခြားလုပ်ငန်းလိုင်စင်ကို ၂၀၁၉ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် လုပ်ကိုင်ခွင့်ရရှိထားပါသည်။

၂။ ဧရာမြန်မာအာမခံတွင် အသက်အာမခံဝန်ဆောင်မှုများကို ဝယ်ယူထားသော၊ အာမခံသက်တမ်း အကျုံးဝင်နေသော လူကြီးမင်းများ၏ Policyနှင့်ပတ်သက်သော ဝန်ဆောင်မှုအရပ်ရပ်ကို ဧရာမြန်မာအသက်အာမခံကုမ္ပဏီလီမိတက် (AYA Myanmar Life Assurance Co Ltd) မှ ၂၀၁၉ ခုနှစ် ဧပြီလ (၁) ရက်နေ့မှစတင်၍ လွှဲပြောင်းလုပ်ဆောင်လျက်ရှိကြောင်း အသိပေးကြေညာအပ်ပါသည်။

၃။ ဧရာမြန်မာအသက်အာမခံကုမ္ပဏီလီမိတက် (AYA Myanmar Life Assurance Co Ltd) မှ ဝန်ဆောင်မှုပေးလျက်ရှိသော အသက်အာမခံအမျိုးအစားများမှာ
(၁) ကျန်းမာရေးအာမခံ (Health Insurance)
(၂) နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ(Short Term Endowment Life Insurance)
(၃) ပညာရေးအသက်အာမခံ (EduLife Plan)
(၄) စာသင်သားအသက်အာမခံ (Junior Smart Saver)
(၅) ပြည်သူပြည်သားအသက်အာမခံ (Public Life Assurance)
(၆) စုပေါင်းအသက်အာမခံ (Group Life Insurance)
(၇) အားကစားသမား ကိုယ်အင်္ဂါထိခိုက်မှုအာမခံ(Sportsman Life Insurance)
(၈) တောင်သူလယ်သမား အသက်အာမခံ(Farmer Life Insurance)
(၉) မြွေအန္တရာယ် အာမခံ (Snake Bite Insurance) နှင့်
(၁၀) ကိုယ်အင်္ဂါထိခိုက်မှုအာမခံ(Personal Accident Insurance) စသည့် အာမခံအမျိုးအစားများ ဖြစ်ကြ ပါသည်။

၄။ ဧရာမြန်မာအသက်အာမခံအနေဖြင့် လူကြီးမင်းတို့၏ စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေ့ဆက်၍ ယခုထက် ပိုမိုကောင်းမွန်သော အာမခံဝန်ဆောင်မှုများဖြင့် လူတစ်ဦးချင်းစီ၏ အကျိူးစီးပွားရေးမှသည် အဖွဲ့အစည်းများ၏ အကျိုးစီးပွားများအတွက် အကာအကွယ်ပေးနိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ အသက်အာမခံဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက

ဧရာမြန်မာအသက်အာမခံကုမ္ပဏီလီမိတက်

အမှတ် ၁၃၃(စီ)၊ ဝေဇယန္တာလမ်းနှင့်(၈)လမ်းထောင့်၊ (၃)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်းနံပါတ်
၀၉ ၄၀၁ ၄၂၅ ၅၁၃ (Customer Service)
၀၉ ၉၇၇ ၇၉၈ ၂၇၀ (Claims)
၀၉ ၉၇၇ ၇၉၈ ၇၀၇ (Business) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ကျေးဇူးတင်စွာဖြင့်
ဧရာမြန်မာအသက်အာမခံကုမ္ပဏီလီမိတက်