သားသမီးများ၏ ပညာရေးအတွက် ငွေကြေးစုဆောင်းသည့် အလေ့အထ ရှိစေရန် ရည်ရွယ်ပါသည်။
အာမခံ အမျိုးအစားများ
အာမခံအမျိုးအစား နှစ်မျိုးရှိပါသည်။
- အခြေခံအကျိုးခံစားခွင့်ပုံစံ
- နှစ်ထပ်ကွမ်း အကျိုးခံစားခွင့်ပုံစံ ဟူ၍ မိမိနှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်ပါသည်။
အကျိုးခံစားခွင့်များ
အခြေခံအကျိုးခံစားခွင့်ပုံစံ
- ပရီမီယံ ကင်းလွတ်ခွင့်
- ပညာရေးအကျိုးခံစားခွင့်
- ပေါ်လစီကို စာရင်းပိတ်ခြင်း
- အမ်းငွေထုတ်ယူနိုင်ခြင်း
- ချေးငွေထုတ်ယူနိုင်ခြင်း
နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်ပုံစံ
- သေဆုံးမှု အကျိုးခံစားခွင့်
- ထာဝစဉ် မသန်စွမ်းအကျိုးခံစားခွင့်
- ပရီမီယံကင်းလွတ်ခွင့်
- ပညာရေးအကျိုးခံစားခွင့်
- ပေါ်လစီကို စာရင်းပိတ်ခြင်း
- အမ်းငွေထုတ်ယူနိုင်ခြင်း
- ချေးငွေရနိုင်ခြင်း
အာမခံ သက်တမ်း
- (၉) နှစ်၊ (၁၁) နှစ်၊ (၁၄) နှစ်
ကျန်းမာရေးစစ်ဆေးခြင်း
- ပညာရေးအသက်အာမခံထားရှိသူသည် ကျန်းမာရေးစစ်ဆေးမှုခံယူရန် လိုအပ်ပါသည်။
အာမခံတံဆိပ်ခေါင်းကပ်ခြင်း
- အာမခံထားငွေ ကျပ်တစ်သိန်းတိုင်းအတွက် တံဆိပ်ခေါင်းတန်ဖိုး (၃၀) ကျပ် ကပ်နှိပ်ရပါမည်။
အာမခံ ထားခွင့်ရှိသူ
- အသက် (၁၈) နှစ်မှ (၅၆) နှစ်အထိ
အာမခံထားငွေ
- အနည်းဆုံး ကျပ်သိန်း(၅၀) မှ အများဆုံး ကျပ်သိန်း(၁,၀၀၀)
ပရီမီယံနှုန်းသတ်မှတ်ပုံ
- အာမခံထားသူ၏ အသက်၊ အာမခံသက်တမ်းနှင့် အာမခံထားငွေတို့အပေါ်တွင် မူတည်၍ ပေးသွင်းရမည့် ပရီမီယံနှုန်းကို တွက်ချက်ထားပါသည်။
ပရီမီယံကြေး ပေးသွင်းရန်သက်တမ်း
- ပရီမီယံကြေးအား ပေးသွင်းရန် သက်တမ်းမှာ သက်ဆိုင်ရာ အာမခံသက်တမ်းပေါ်မူတည်၍ (၅)နှစ်၊ (၇)နှစ်၊ (၁၀)နှစ် စသည်ဖြင့် ပေးသွင်းနိုင်ပါသည်။
ပရီမီယံပေးသွင်းခြင်း
- ပရီမီယံကို(၁)လတစ်ကြိမ်၊(၃)လတစ်ကြိမ်၊(၆)လတစ်ကြိမ်၊(၁၂)လတစ်ကြိမ်အရစ်ကျပေးသွင်းနိုင်ပါသည်။
လျော်ကြေးအကျုံးမဝင်သည့် အချက်များ
(က) အာမခံစတင်သည့်နေ့မှ တစ်နှစ်အတွင်းမိမိကိုယ်ကို သတ်သေခြင်း
(ခ) အာမခံဝယ်ယူစဉ်က ဖော်ပြရန် ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် အာမခံစတင်သည့်နေ့မှ တစ်နှစ်အတွင်းသေဆုံးခြင်း
(ဂ) ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရ ဖြစ်အောင်လုပ်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ် လုံးဝ မသန်စွမ်းဖြစ်ခြင်း
(ဃ) မိမိကိုယ်ကို သတ်သေခြင်းကြောင့် မသေဘဲ ထာဝစဉ်လုံးဝ မသန်စွမ်းဖြစ်ခြင်း
(င) မူးယစ်ဆေးသုံးစွဲခြင်းကြောင့်ဖြစ်သည့် ထာဝစဉ် လုံးဝ မသန်စွမ်းဖြစ်ခြင်း
(စ) ဘေးအန္တရာယ်ဖြစ်စေသော ဆေးကို မှီဝဲခြင်းကြောင့် ဖြစ်သည့် ထာဝစဉ် လုံးဝ မသန်စွမ်းဖြစ်ခြင်း
(ဆ) ကိုယ်တိုင်ရာဇဝတ်မှု ကျူးလွန်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်လုံးဝ မသန်စွမ်းဖြစ်ခြင်း