အာမခံကုမ္ပဏီ၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခွင့်ရ “အာမခံကိုယ်စားလှယ်”
အာမခံလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အာမခံကိုယ်စားလှယ်များ၏ အခန်းကဏ္ဍမှာ အဓိက ကျပါသည်။ ၎င်းတို့သည် အာမခံကုမ္ပဏီ နှင့် အာမခံထားလိုသူများအကြား ပေါင်းကူးတံတားသဖွယ် ဆက်နွယ်ပေးသူများဖြစ်ပါသည်။ ကိုယ်စားလှယ်များ၏ အဓိကလုပ်ငန်းတာဝန်မှာ အာမခံလုပ်ငန်းအမျိုးအစားများကို အာမခံထားလိုသူများ သိရှိအောင် မှန်ကုန်စွာ ရှင်းလင်းပြောကြားခြင်း၊ စည်းကမ်းနှင့်အညီ ရောင်းချခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အကောင်းမွန်ဆုံး ဝန်ဆောင်မှုဖြင့် ဆောင်ရွက်ရန်ဖြစ်ပါသည်။ အာမခံလုပ်ငန်းအမျိုးအစားများမှ အထောက်အပံ့ပေးနိုင်မည့် မိတ်ဆွေများ၏ လိုအပ်ချက်၊ လိုအင်ဆန္ဒ နှင့်ကိုက်ညီသော အမျိုးအစားများကို မည်သို့ရယူမည်၊ မည်သည့်အကာအကွယ်များ ပေးနိုင်မည် အစရှိသော ဘဏ္ဍရေး၊ ငွေရေးကြေးရေး နှင့် သက်ဆိုင်သည့် ဆုံးရှံးမှုများကို အကာအကွယ်ပေးနိုင်မည့် ခိုင်မာသောအကြံဉာဏ် ဆွေးနွေးတိုင်ပင်မှုများကို ပြုလုပ်ပေးရပါမည်။ ကိုယ်စားလှယ်များအနေဖြင့် ဆက်ဆံရေးကောင်းမွန်မှု၊ မိတ်ဆွေများနှင့် အပြန်အလှန် ရင်းနှီးသော ဆက်သွယ်မှု နားလည်မှုများကို ထားရှိပြီး အာမခံထားရှိပြီးသည့် မိတ်ဆွေဟောင်းများနှင့် သာမက အာမခံထားရှိရန် အလားအလာကောင်းမွန်သော မိတ်ဆွေသစ်များကိုပါ တိုးပွားအောင် စည်းရုံးဆောင်ရွက်ရပါမည်။ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပြန်လည်ရရှိနိုင်မည့် ဆုလဒ်အဖြစ် အာမခံထားလိုသူများမှ ကုမ္ပဏီ သို့ပေးသွင်းရမည့် အာမခံကြေးငွေအပေါ်တွင် ထိုက်သင့်သော အချိုးဖြင့် ကော်မရှင်ငွေကို ခံစားရရှိမည် ဖြစ်ပါသည်။ ဖော်ပြပါ အချက်များအရ ကောင်းမြတ်သော အကျိုးတရားများကို ဆောင်ရွက်ရင်း မိမိအတွက် အကျိုးတရားပါရရှိနိုင်မည့် “ကိုယ်စားလှယ်” အဖြစ်ဆောင်ရွက်နိုင်ရန် တရားဝင်အသိအမှတ်ပြု လိုင်စင်တစ်ခုကို ရယူပြီး မြန်မာ့အာမခံ ဈေးကွက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
If you have what it takes to be one of our agents, please download below application form and contact us. Thank you for your interest. Download Agent Application Form here.