ပြည်သူပြည်သား အသက်အာမခံဆိုသည်မှာ အိမ်ထောင်ဦးစီးနှင့် အဓိကဝင်ငွေ ရှာဖွေသူများမမျှော်လင့်သော အကြောင်းတရားကြောင့် ဒုက္ခနှင့်ကြုံဆုံကြရာတွင် အသက်အာမခံထားရှိပါက ကျန်ရစ်သူများအတွက် ငွေကြေးကိစ္စ မပြေလည်ခြင်းမှ ကင်းဝေးစေခြင်း၊ သက်တမ်းစေ့သည်အထိ ရှင်သန်ခဲ့သော် အနှစ်နှစ်အလလ စုဆောင်းထားသော မိမိငွေကို တစ်လုံးတည်းပြန်လည်ထုတ်ယူခြင်း၊ အိုမင်းမစွမ်းဘဝအတွက် အထောက်အပံ့ကို ရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။
အာမခံအကာအကွယ်များ
- သေဆုံးခြင်း
- ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
အကျိုးခံစားခွင့်များ
- သေဆုံးခြင်း နှင့် ထာဝစဉ် မသန်စွမ်းဖြစ်ခြင်း
- အမ်းငွေ
- ချေးငွေ
- စာရင်းပိတ်ငွေ
အာမခံ သက်တမ်း
- အနည်းဆုံး (၅) နှစ်မှ အများဆုံး (၄၅) နှစ်
သိကောင်းစရာများ
- အနည်းဆုံး ကျပ် ၅၀၀၀၀ အများဆုံး ကျပ် သိန်းသုံးရာ
- အသက်၊ အာမခံထားငွေ၊ အာမခံသက်တမ်း အပေါ်မူတည်၍ ဆေးစစ်ခြင်းကို ပြုလုပ်ပါမည်။