တောင်သူလယ်သမားအာမခံဆိုသည်မှာမတော်တဆထိခိုက်မှုများကြောင့်သေဆုံးခြင်း၊ထာဝစဥ်မသန်စွမ်းဖြစ်ခြင်း၊ထိခိုက်ဒဏ်ရာရခြင်းတို့အတွက်အကာအကွယ်ပေးသောအာမခံအမျိုးအစားဖြစ်ပါသည်။
အကျိုးခံစားခွင့်
- အာမခံထားသူသေဆုံး/ထာဝစဉ်မသန်စွမ်းဖြစ်လျှင်အာမခံထားငွေအတိုင်းရရှိမည့် ငွေပမာဏကို အကျိုးခံစားခွင့်ရှိသူမှ ရခွင့်ရှိခြင်း
- အာမခံထားသူ မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိလျှင် ဆရာဝန်၏ ထောက်ခံချက်အပေါ် အခြေခံ၍ သတ်မှတ်ထားသည့် အကျိုးခံစားခွင့်အတိုင်း ရခွင့်ရှိခြင်း
- မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသော ဆေးရုံ၊ ဆေးခန်းတွင် တက်ရောက်ကုသပါက အာမခံထားငွေ
ကျပ် ၁သိန်းအတွက် ၁ရက်လျှင် ကျပ် ၂,၀၀၀နှုန်းဖြင့် အာမခံသက်တမ်းအတွင်း တစ်ကြိမ်လျှင် အများဆုံး ၅ရက်နှင့် ၃ကြိမ် အထိ တက်ရောက်ကုသခြင်း စရိတ်ခံစားခွင့်ရှိခြင်း
အာမခံအကာအကွယ်
- သေဆုံးခြင်း
- ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
- ထိခိုက်ဒဏ်ရာရရှိခြင်း
- မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် ဆေးရုံတက်ရောက် ကုသစရိတ်
အာမခံသက်တမ်း
- ၁ နှစ်