စုပေါင်းအသက်အာမခံဆိုသည်မှာကုမ္ပဏီဝန်ထမ်းများ၊စက်ရုံ၊အလုပ်ရုံမှဝန်ထမ်းများ၊ကာယ၊ဉာဏအလုပ်သမားများမှမိမိတို့ကိုယ်တိုင်သော်လည်းကောင်း၊ကုမ္ပဏီပိုင်ရှင်၊လုပ်ငန်းရှင်မှသော်လည်းကောင်းစုပေါင်းထားရှိရသည့်အာမခံအမျိုးအစားဖြစ်ပါသည်။
စုပေါင်းအသက်အာမခံသည်“ဝန်ထမ်းများ၏သာရေး၊နာရေးဖော်ဆောင်ဖို့အလုပ်ရှင်များကကြိုးပမ်းစို့”တာဝန်ရှိမှုအရမမျှော်လင့်သောအကြောင်းတရားများနှင့်ကြုံလာခဲ့ပါကအာမခံလက်ခံသည့်ကုမ္ပဏီများသို့တာဝန်လွှဲပြောင်းခြင်းဖြင့်ဝန်ထမ်းအားလုံး၏လူမှုရေးတာဝန်ကိုစောင့်ရှောက်ပေးနိုင်မည်ဖြစ်ပါသည်။
အာမခံအကာအကွယ်
စုပေါင်းအသက်အာမခံထားသူဝန်ထမ်းသည် အာမခံသက်တမ်းအတွင်း မည်သည့်နေရာ၊ မည်သည့်အကြောင်း ကြောင့်မဆို သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းအတွက် ၂၄/၇ နာရီလုံး အကာအကွယ်ပေးသည့် အာမခံအမျိုးအစားဖြစ်ပါသည်။
- သေဆုံးခြင်း
- ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း
- ထိခိုက်ဒဏ်ရာရခြင်း
အာမခံ သက်တမ်း
- (၁) နှစ်
သိကောင်းစရာများ
-
- အာမခံထားသူ သေဆုံး/ထာဝစဉ်မသန်စွမ်း ဖြစ်လျှင် အာမခံထားငွေအတိုင်းရရှိမည့် ငွေပမာဏကို အကျိုးခံစားခွင့်ရှိသူမှ ရခွင့်ရှိခြင်း
- အာမခံထားသူ မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိလျှင် ဆရာဝန်၏ ထောက်ခံချက်အပေါ် အခြေခံ၍ သတ်မှတ်ထားသည့် အကျိုးခံစားခွင့်အတိုင်း ရခွင့်ရှိခြင်း
- အာမခံထားငွေ ကျပ်(၁၀)သိန်းအထက်နှင့် အသက် (၄၅) နှစ် အထက်ရှိသူများဧရာမြန်မာအသက်အာမခံ ကုမ္ပဏီမှ သတ်မှတ်ထားသည့်ဆေးရုံတွင် ဆေးစစ်ရပါမည်။
- အာမခံထားသူဦးရေ အားလုံးစုပေါင်း၍ ကုမ္ပဏီပိုင်ရှင်(သို့) အလုပ်ရှင်အား ပေါ်လစီစာချုပ်တစ်စောင်သာ ထုတ်ပေးပါသည်။
- စုပေါင်းအသက်အာမခံကို အနည်းဆုံးအလုပ်သမား (၅) ဦးရှိမှသာ လက်ခံပါမည်။
အာမခံ ထားခွင့်ရှိသူ
• အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်းမည်သူမဆို အာမခံထားနိုင်ပါသည်။
• စုပေါင်းအသက်အာမခံအတွက်အနည်းဆုံး လူ(၅) ဦးရှိရပါမည်။
အာမခံထားငွေ
အနည်းဆုံး ကျပ် (၁၀,၀၀၀) မှ အများဆုံး ကျပ် သိန်း ၅၀ အထိ
ပရီမီယံ
• အာမခံထားငွေ၏ ၁%
လျော်ကြေးမရနိုင်သည့်အချက်များ
- မိမိကိုယ်ကိုသတ်သေခြင်း
- မူးယစ်ဆေးဝါးသုံးစွဲခြင်း
- အာမခံထားသူများစာရင်းတွင်ပါသောအလုပ်သမားတစ်ဦးသည်လုပ်ငန်းခွင်မှအပြီးထွက်သွားလျှင်သော်လည်းကောင်း၊
ယင်းနေ့ရက်နောက်ပိုင်းဖြစ်ပေါ်လာသော သေဆုံးခြင်းနှင့်ဒဏ်ရာရခြင်းအတွက်နစ်နာကြေးရခွင့်မရှိပါ။ - အလုပ်သမားကိုယ်တိုင် ပြစ်မှုကျူးလွန်ရာမှ ထိခိုက်ဒဏ်ရာရရှိခြင်း အတွက် နစ်နာကြေးရခွင့် မရှိပါ။
- အလုပ်သမားကိုယ်တိုင် ဒဏ်ရာရရှိအောင် ဆောင်ရွက်ခြင်းမှရရှိသော ဒဏ်ရာအတွက် နစ်နာကြေးရခွင့် မရှိပါ။