ကျန်းမာရေးအာမခံဆိုသည်မှာ ဆေးရုံတက်ခြင်းကြောင့် အပိုစရိတ်များ ကုန်ကျခြင်းမှ အထိုက်အလျောက် သက်သာစေရန် ဆေးရုံစရိတ်အား ထုတ်ပေးသည့် အာမခံအမျိုးအစားဖြစ်ပါသည်။ကျန်းမာရေးအာမခံသည် ဆေးကုသစရိတ်အား သတ်မှတ်ထားသည့်အတိုင်းအတာတစ်ခု ထိသက်သာစေရ န်ရည်ရွယ်ပါသည်။
အာမခံအမျိုးအစားများ
တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့သော်လည်းကောင်း သက်တမ်းတစ်နှစ်ထားရှိနိုင်မည့် အာမခံအမျိုးအစား ဖြစ်ပါသည်။




အာမခံ သက်တမ်း
- အာမခံသက်တမ်းမှာပရီမီယံ စတင်ပေးသွင်းသည့်နေ့မှစ၍ (၁)နှစ်ပြည့်မြောက်သည့် ည (၁၂) နာရီအထိဖြစ်ပါသည်။
သိကောင်းစရာများ
- ပထမအကြိမ်အာမခံကြေးပေးသွင်းပြီးနောက် ကျန်အရစ်များအတွက် ပေးသွင်းရက်စေ့ရောက်သည့်နေ့မှ (၁၅) ရက်အတွင်း နောက်ဆုံးထားပေးသွင်းရပါမည်။ ပရီမီယံမပေးသွင်းပါက စောင့်ဆိုင်းကာလ ပြည့်သည့် နေ့၏ နောက်တစ်နေ့မှစ၍ အကျိုးသက်ရောက်မှုပျက်ပြယ်သွားပါမည်။
- စောင့်ဆိုင်းကာလအတွင်းတောင်းခံငွေပေါ်ပေါက်ပါက ပေးသွင်းရန်ကျန်ရှိနေသော ပရီမီယံကို ခုနှိမ်၍ပေးလျော်ပါမည်။သက်တမ်းဆက်ပေါ်လစီများအတွက် အာမခံသက်တမ်းပြန်စသည့် ကြားကာလတွင်ပရီမီယမ်ပေးသွင်းရန်စောင့်ဆိုင်းကာလမရှိပါ။ ဤအာမခံသည် ဆေးရုံတက်ရောက်ကုသမှုများအတွက်အကာအကွယ်ပေးခြင်းဖြစ်၍ အာမခံထားသူ၏ ဆန္ဒအရ ဆေးစစ်ရန်ဆေးရုံတက်ခြင်းအတွက်အကျုံးမဝင်ပါ။
- အာမခံထားငွေ ကျပ် တစ်သိန်း တိုင်းအတွက် တံဆိပ်ခေါင်းတန်ဖိုး (၃၀) ကျပ် ကပ်နှိပ်ရပါမည်။
အာမခံ ထားခွင့်ရှိသူ
- အသက် ၆နှစ်မှ ၇၅ နှစ်အထိထားရှိနိုင်ပါသည်။
- အသက် ၆ နှစ်မှ ၁၈ အထိ မိဘ/အုပ်ထိန်းသူမှ ထားရှိနိုင်ပါသည်။
ပရီမီယံ
- တစ်ဦးချင်းထားသူများအနေဖြင့် (၆) လနှင့် (၁) နှစ်ပေးသွင်းနိုင်ပြီး အစုအဖွဲ့လိုက်ထားသူများအနေဖြင့် (၁) လ၊ (၃)လ၊ (၆) လနှင့် (၁) နှစ်ပေးသွင်းနိုင်ပါသည်။




လျော်ကြေးအကျုံးမဝင်သည့်အချက်များ
- ဆေးကုသမှုခံယူနေခြင်း၊ ဆေးကုသရန်ဆရာဝန်၏ ထောက်ခံချက်ကို ရရှိထားခြင်း၊ ရောဂါလက္ခဏာရှိပြီးသား ဖြစ်နေခြင်း
- သားဖွားခြင်း၊ ဗိုက်ခွဲမွေးခြင်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ခွဲစိတ်ကုသမှု။ မှတ်ချက်။ ။ အာမခံထားပြီးနောက် ကိုယ်ဝန်နှင့်အာမခံထားချိန်တွင် ပုံမှန်ဖြစ်နေသော ကိုယ်ဝန်ကြောင့်ဖြစ်လာသည့်တွဲဖက်ရောဂါများ(ကိုယ်ဝန်ဆိပ်သင့်ခြင်း၊ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ စသည်တို့) ကြောင့် ဆေးရုံတက်ခြင်းနှင့်ခွဲစိတ်ကုသခြင်းသည် အကျိုးခံစားခွင့်ပေးရန်အကျုံးဝင်သည်။
- စိတ်ပေါ့သွပ်ခြင်း၊ စိတ်ရောဂါဝေဒနာများကြောင့်ဖြစ်ခြင်း။
- ရောဂါရှာဖွေစစ်ဆေးရန်ဆေးရုံတက်ခြင်း၊ အနားယူအားမွေးရန်ဆေးရုံတက်ခြင်း။
- သားသမီးရလိုမှုဖြင့်ဆေးရုံတက်ခြင်းနှင့်ခွဲစိတ်ကုသခြင်း
- မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပ ဖြစ်သော သွားနှင့်ပတ်သတ်သည့်ကုသမှုအတွက်ဖြစ်ခြင်း
- မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပ ဖြစ်သော မျက်မှန်အပါအဝင် မျက်စိစမ်းသပ်ခြင်း၊ အမြင်သွေဖယ်ခြင်း၊ မျက်စိကုသခြင်း၊ အမြင်အာရုံ ကောင်းမွန်လာအောင် ပြုပြင်ရန်အတွက်ဖြစ်ခြင်း
- အလှအပ အတွက်ဖြစ်ခြင်း၊ နားကြားကိရိယာတပ်ဆင်ရန်အတွက်ဖြစ်ခြင်း
- မွေးရာပါပုံမှန်မဟုတ်ခြင်း/AIDS/HIV ဖြစ်ခြင်း
- မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ကိုယ်တိုင် ရာဇဝတ်မှုကျုးလွန်ခြင်း
- ပြည်ပနိုင်ငံများတွင် ဆေးရုံတက်ခြင်း၊ ခွဲစိတ်ကုသခြင်း
- အကြမ်းဖက်ဖျက်စီးခြင်း၊ အဓိအရုဏ်း၊ စစ်နှင့်စစ်အသွင်ဖြစ်ပွါးခြင်း
- ရောဂါကြောင့်ဆေးရုံတက်ရက် ၃ ရက်နှင့်အောက်ဖြစ်သောဆေးကုသမှုများ
- လိမ်လည်တောင်းခံသည့်ကိစ္စများ၊ မိမိကိုယ်ကိုသတ်သေခြင်း
- ပြင်းထန်သော ရောဂါကုသမှုတွင် အာမခံစသည့်နေ့( သက်တမ်းဆက်ထားသည့်စာချုပ်ဖြစ်ပါက သက်တမ်းမဆက်မီ စာချုပ်၏ အာမခံစသည့်နေ့) မှစ၍ ရက်ပေါင်း၉၀ အတွင်း ရောဂါအမည် သတ်မှတ်ခံရသည့်ကင်ဆာဖြစ်သော အလုံးအကျိတ် ကိုကုသခြင်း
- ပြင်းထန်သော ရောဂါကုသမှုတွင် (အက်ပီသီလျှမ် အလွှာတွင်းအလုံးအကျိတ်/ အရေပြား၊ အသက်ရှူ၊ အစာနှင့် ဆီးလမ်းကြောင်းတို့၏ အားလုံးရှိ အက်ပီသီလျှမ်ဆဲလ်အတွင်းတွင် အလုံးအကျိတ်ဖြစ်ပွါးခြင်း။