Premium Calculator
Urgent Notice to Our Customer

JuniorInusrance စာသင်သားအသက်အာမခံသည် ရင်သွေးငယ်များ၏ ပညာရေးခရီး ဖြောင့်ဖြူးစေရန်အတွက် ငွေကြေးအထောက်အပံ့ရစေရန် ရည်ရွယ်ပါသည်။

အာမခံ အမျိုးအစားများ

  • တစ်ဦးချင်းထားရှိနိုင်သည့် ငွေပင်ငွေရင်း အသက်အာမခံ

အကျိုးခံစားခွင့်များ

  • ပညာသင်ထောက်ပံ့ငွေ အကျိုးခံစားခွင့်
  • သေဆုံးမှုအကျိုးခံစားခွင့်
  • ထာဝစဉ်မသန်စွမ်း အကျိုးခံစားခွင့်
  • ပရီမီယံကင်းလွတ်ခွင့်
  • စာရင်းပိတ်နိုင်ခြင်း
  • အမ်းငွေထုတ်ယူနိုင်ခြင်း
  • ချေးငွေရယူနိုင်ခြင်း

အာမခံ သက်တမ်း

  • အာမခံသက်တမ်းမှာ အနည်းဆုံး (၈) နှစ်မှ အများဆုံး(၁၉) နှစ်အထိ ဖြစ်ပါသည်။
  • အာမခံထားသူ ရင်သွေးငယ်၏ အသက် (၁၇) နှစ်အရွယ် ရောက်ရန် ကျန်ရှိမည့် နှစ်ကာလအလိုက် အာမခံသက်တမ်းအား ရွေးချယ်ထားရှိရန် ဖြစ်ပါသည်။

ကျန်းမာရေးစစ်ဆေးခြင်း

  • အာမခံဝယ်ယူသူနှင့် အာမခံထားသူတို့သည် အာမခံထားငွေအရသော်လည်းကောင်း၊ အသက်အရသော်လည်းကောင်း လိုအပ်ပါကအာမခံကုမ္ပဏီက
    သတ်မှတ်သည့် ဆေးရုံ (သို့) ဆေးခန်းတွင် ကျန်းမာရေးစစ်ဆေးမှုခံယူရန် လိုအပ်ပါသည်။

အာမခံတံဆိပ်ခေါင်းကပ်ခြင်း

  • အာမခံထားငွေ ကျပ် (၁) သိန်းတိုင်းအတွက် အာမခံတံဆိပ်ခေါင်းတန်ဖိုး ကျပ် (၃၀) တိတိ ပါဝင်ပါမည်။

အာမခံ ထားခွင့်ရှိသူ

  • အသက် (၁) နှစ် (၃၀) ရက်သားမှ (၁၂) နှစ်အတွင်းရှိသူ သား(သို့မဟုတ်) သမီးအား ထားပေးနိုင်ပါသည်။

အာမခံဝယ်ယူနိုင်သူများ

  • အသက် (၁၈) နှစ်မှ (၅၅) နှစ်အတွင်းရှိသည့် မိခင် (သို့မဟုတ်) ဖခင်က ဝယ်ယူနိုင်ပါသည်။

အာမခံထားငွေ

  • အနည်းဆုံး ကျပ်သိန်း (၁၀) မှ အများဆုံး ကျပ်သိန်း (၁,၀၀၀)

ပရီမီယံနှုန်းသတ်မှတ်ပုံ

  • အာမခံထားသူ၏ အသက်၊ အာမခံသက်တမ်းနှင့် အာမခံထားငွေ တို့အပေါ်တွင် မူတည်၍ ပေးသွင်းရမည့် ပရီမီယံနှုန်းကို တွက်ချက်ထားပါသည်။

ပရီမီယံကြေး ပေးသွင်းရန်သက်တမ်း

  • ပရီမီယံကြေးအား ပေးသွင်းရန် သက်တမ်းမှာ သက်ဆိုင်ရာအာမခံသက်တမ်းပေါ် မူတည်၍ အနည်းဆုံး(၅)နှစ်မှ အများဆုံး (၁၆) နှစ်အထိ ပေးသွင်းနိုင်ပါသည်။

ပရီမီယံပေးသွင်းခြင်း

  • ပရီမီယံကို (၁)နှစ်တစ်ကြိမ် (သို့) (၆)လတစ်ကြိမ် (သို့) (၃)လတစ်ကြိမ်(သို့) (၁)လတစ်ကြိမ် အရစ်ကျပေးသွင်းနိုင်ပါသည်။