မည်သူမဆို မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း စသည်များ ဖြစ်ပွားသည့်အခါ ငွေကြေး အထောက်အပံ့ရရှိစေရန် ရည်ရွယ်ပါသည်။
အာမခံအကာအကွယ်
- မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးခြင်း
- မသန်စွမ်းဖြစ်ခြင်း
- ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း
- ခြေလက်အင်္ဂါဆုံးရှုံးခြင်း
- ဆေးရုံတက်ရခြင်း၊ အလုပ်မလုပ်နိုင်ခြင်း
- ဆေးရုံစရိတ်များထောက်ပံ့ခြင်း
အကျိုးခံစားခွင့်
- အာမခံထားသူသေဆုံး/ထာဝစဉ်မသန်စွမ်းဖြစ်လျှင် အာမခံထားငွေအတိုင်း ရရှိမည့်ငွေပမာဏကို တစ်လုံးတည်း အကျိုးခံစားခွင့်ရှိသူ မှ ရရှိခြင်း
- မတော်တဆ ထိခိုက်မှုကြောင့် ဒဏ်ရာရရှိလျှင် ဆရာဝန်၏ ထောက်ခံချက်အပေါ်အခြေခံ၍ သတ်မှတ်ထားသည့် အကျိုးခံစားခွင့်နှုန်းထားအတိုင်းရရှိခြင်း
- ထိခိုက်ဒဏ်ရာ ရခြင်းကြောင့် ဆေးရုံတက်ရခြင်း နှင့် အလုပ်မလုပ်ကိုင်နိုင်ခြင်းအတွက် ရက်သတ္တ တစ်ပတ်လျှင် အာမခံထားငွေ၏ ၃% ဖြင့်အများဆုံး အာမခံထားငွေ၏ ၁၅%ထက်မပိုသော ငွေကြေး
အာမခံသက်တမ်း
- ပရီမီယံစတင်ပေးသွင်းသည့်နေ့မှစ၍ ၃ လ၊ ၆ လ၊ ၁ နှစ်အထိထားရှိနိုင်ပါသည်။
သိကောင်းစရာများ
- ပရီမီယံကြေးကိုတစ်ကြိမ်တည်းပေးဆောင်ရပါမည်။
- တပ်မတော်၊ ပြည်သူ့ရဲ၊ လေယာဉ်ဝန်ထမ်း၊ လျှပ်စစ်ဝန်ထမ်း၊အခြားသောအန္တရာယ်များသည့် အလုပ်အကိုင်အတွက် အာမခံထားငွေ၏ ၁ % ဖြစ်ပါသည်။
အာမခံထားခွင့်ရှိသူ
- အသက် ၁၆ နှစ်မှ ၆၅နှစ် အတွင်းရှိကျန်းမာရေးကောင်းမွန်သူတိုင်းအာမခံထားရှိနိုင်ပါသည်။အရွယ်မရောက်သေးသူအတွက်မိဘ (သို့) အုပ်ထိန်းသူကထားရှိပေးနိုင်ပါသည်။
အာမခံထားငွေ
- အနည်းဆုံး ကျပ် ၅ သိန်း မှ အများဆုံး ကျပ် သိန်း ၂၀၀ အထိ ထားရှိနိုင်ပါသည်။
ပရီမီယံ
- ပရီမီယံနှုန်းမှာအာမခံထားငွေ၏ ဝ.၇ % (အာမခံသက်တမ်း (၁) နှစ်အတွက်) ဖြစ်ပြီး တပ်မတော်၊ ပြည်သူ့ရဲ၊ လေယာဉ်ဝန်ထမ်း၊ လျှပ်စစ်ဝန်ထမ်း၊အခြားသောအန္တရာယ်များသည့် အလုပ်အကိုင်အတွက် အာမခံထားငွေ၏ ၁ %ဖြစ်ပါသည်။
- အာမခံသက်တမ်း ၃ လ၊ ၆ လ အတွက် (၁)နှစ်သက်တမ်း၏ အချိုးကျပရီမီယံကိုပေးဆောင်ရပါမည်။
- မတော်တဆထိခိုက်မှုကြောင့်သေဆုံးခြင်း၊မသန်စွမ်းဖြစ်ခြင်း၊ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း၊ဆေးရုံတက်ရခြင်း၊အလုပ်မလုပ်နိုင်ခြင်းတို့အတွက်အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။