နှစ်တိုငွေပင်ငွေရင်းအသက်အာမခံအမျိုးအစားဖြစ်ပြီးအာမခံထားသူကွယ်လွန်ခြင်းကြောင့်ကျန်ရစ်သူမိသားစုအတွက် ငွေကြေးဆုံးရှုံးမှုအား အကာအကွယ်ရရှိစေရန်နှင့် ကာလ တစ်ခု ကုန်ဆုံးချိန်တွင် မျှော်မှန်းထားသည့် ငွေပမာဏ စုဆောင်းမိစေသော အာမခံဖြစ်ပါသည်။
အကျိုးခံစားခွင့်များ
- ငွေချေးခြင်း
- အမ်းငွေထုတ်ခြင်း
- စာရင်းပိတ်ခြင်း
- နှစ်စေ့ငွေထုတ်ယူနိုင်ခြင်း
- ထာဝစဉ် မသန်စွမ်း အကျိုးခံစားခွင့်နှင့်
- သေဆုံးမှုအကျိုးခံစားခွင့်ရနိုင်ခြင်း
အာမခံအကာအကွယ်
- သေဆုံးခြင်း (သို့) ထာဝစဉ်မသန်စွမ်းဖြစ်လျှင် အာမခံထားငွေအတိုင်းရရှိမည့် ငွေပမာဏကို အကျိုးခံစားခွင့်ရှိသူမှ ရခွင့်ရှိခြင်း
အာမခံ သက်တမ်း
ပေါ်လစီသက်တမ်း – (၅) နှစ်၊ (၇)နှစ်၊ (၁၀)နှစ်
အာမခံ ထားခွင့်ရှိသူ
- အသက်(၁၀)နှစ်မှ(၆၀)အတွင်း မည်သူမဆို အာမခံထားရှိနိုင်ပါသည်။
အာမခံထားငွေ
- အနည်းဆုံးကျပ်(၁၀)သိန်းမှ အများဆုံးကျပ်သိန်း(၅၀၀)အထိ
ပရီမီယံ
- အာမခံထားငွေနှင့်ပေါ်လစီသက်တမ်းပေါ်မူတည်ပြီးပရီမီယံပမာဏကွာခြားနိုင်ပါသည်။
ပရီမီယံပေးသွင်းပုံ
- လစဉ်
- သုံးလတစ်ကြိမ်
- ခြောက်လတစ်ကြိမ်
- တစ်နှစ်တစ်ကြိမ်
သိကောင်းစရာများ
- အာမခံထားငွေအနည်းဆုံးကျပ်(၁၀)သိန်းမှအများဆုံးကျပ်သိန်း(၅၀၀)ထိအာမခံထားနိုင်ပါသည်။
- အာမခံသက်တမ်းကို၅နှစ်၊၇နှစ်၊၁၀နှစ် ထားနိုင်ပါသည်။ သို့ရာတွင်အသက်(၅၆)နှစ်မှ(၅၈)နှစ်ထိရှိသူများမှာ အာမခံသက်တမ်း (၇)နှစ်လည်းကောင်း၊
အသက်(၅၉) နှစ်မှ (၆၀) နှစ်ထိရှိသူများမှာ အာမခံသက်တမ်း (၅)နှစ်ထိလည်းကောင်း ရွေးချယ်ထားနိုင်ပါသည်။ - ကျသင့်ပရီမီယံကို (၁)နှစ်တစ်ဆက်တည်းသွင်းပြီးပါက ပရီမီယံကို ဆက်လက်ပေးသွင်းခြင်း မပြုနိုင်တော့သဖြင့် ပေါ်လစီကို ပိတ်ပေးရန်အကြောင်း
ကြားလာလျှင် အဆိုပါပေါ်လစီကို စာရင်းပိတ်ပေါ်လစီအဖြစ် ပြောင်းလဲပေးပါသည်။ - ကျသင့်ပရီမီယံကို (၁) နှစ် တစ်ဆက်တည်းသွင်းပြီးပါက ပရီမီယံကို ဆက်လက်ပေးသွင်းခြင်း မပြုနိုင်တော့သဖြင့် ပေါ်လစီကို အမ်းငွေရသင့်တန်ဖိုး
ထုတ်ပေးရန်အကြောင်းကြားလာလျှင်အမ်းငွေရသင့်တန်ဖိုးနှုန်းထားဇယားပါအတိုင်းရခွင့်ရှိသည့်အမ်းငွေရသင့်တန်ဖိုးကိုအာမခံထားသူသို့တစ်လုံးတည်း
ထုတ်ပေးပါမည်။ - အာမခံထားသူအနေဖြင့်(၁)နှစ်တည်းပရီမီယံပေးသွင်းပြီးသည့်ပေါ်လစီတစ်စောင်မှချေးငွေရယူနိုင်ခွင့်ရှိသည်။
ချေးယူနိုင်သည့်ငွေပမာဏမှာအမ်းငွေရသင့်တန်ဖိုးနှုန်းထားဇယားပါအတိုင်းရခွင့်ရှိသည့်စုစုပေါင်းအမ်းငွေရသင့်တန်ဖိုး၏၉၀%အထိဖြစ်ပါသည်။
တစ်နှစ်အတွက်၈%နှုန်းဖြင့်အာမခံထားသူဘက်မှအတိုးပေးရပါမည်။ - အာမခံထားငွေအရသော်လည်းကောင်း၊အသက်အရသော်လည်းကောင်းလိုအပ်ပါကအာမခံထားသူသည်ကျန်းမာရေးစစ်ဆေးမှုခံယူရမည်။
ဧရာမြန်မာအသက်အာမခံနှင့်ချိတ်ဆက်ထားသည့်ဆေးရုံ၊ ဆေးခန်းမှဆရာဝန်များကကျန်းမာရေးစစ်ဆေးပါမည်။